မြန်မာမိန်းကလေးတွေ အတုယူရမယ့် အမေစုရဲ့ေ နထိုင်မှုပုံစံ
ယူနီကုဒ်ဖြင့်ဖတ်ရန် တစ်ဖက်သားက မိမိကိုကန်တော့ တော့မယ်ဆိုရင် ခုံပေါ်ကဆင်းတယ် ကန်တော့သူနဲ့ကြမ်းတစ်ပြေးထဲထိုင်တယ် ခြေထောက်မပေါ်အောင် ခြေထောက်လုံအောင် ခြေဖဝါးထိ လုံခြည်နဲ့ဖုံးအုပ်တယ်။ များသောအားဖြင့် နောက်မှီမထိုင်ဘူး မတ်မတ်ပဲထိုင်တယ်ဘုရား သံဃာ စသည်များကိုရှိခိုးပူဇော်ချိန်မှာ ခြေဖဝါးထိလုံအောင် လုံခြည်နဲ့သိမ်းအုပ်တယ်။ အစား အအိပ် နည်းပါးပြီး မျှတအာင်နေတယ်။ သွက်လက်တက်ကြွစွာ လမ်းလျှောက်တယ်
ဟာသဉာဏ်ရွှင်တယ် မည်သည့်အခမ်းအနား မည်သည့်နေရာ မည်သူနှင့်တွေ့သည်ဖြစ်စေ ရင်းနှီးနွေးထွေးချစ်ခင်စေမှု့ရဲ့အစအဖြစ် အခြေအနေအချိန်အခါပေါ်မူတည်ပြီး ရီစရာလေးအနည်းငယ်ပြောတတ်တယ်။ မြန်မာ့ရိုးရာအမျိုးသားဝတ်စုံကို ကျက်သရေရှိစွာ ထင်းလင်းအောင် ရိုးရိုးလေးဆင်မြန်းတယ်
စသဖြင့်တွေပေါ့ ကျနော်အခုပြောတာ နိုင်ငံရေးမဟုတ်ပါဘူး စည်းရုံးရေးမဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသည်ဖြစ်စေ မထောက်ခံသည်ဖြစ်စေ လူငယ်တိုင်း လူကြီးတိုင်း အတုယူသင့်တဲ့အချက်တွေတင်ပြတာပါခင်ဗျာ။ အထက်မှာစတင်ပြောခဲ့သလို မြန်မာမလေးတွေအတုယူကြစမ်းပါလားလို့
လေးစားစွာဖြင့် ခရက်ဒစ် Htet Wai Lwin
Be the first to comment
Leave a Reply
Your email address will not be published.
*