ကမာၻ႔တိုက္ရည္ အေကာင္းဆုံး ႐ုရွထုတ္ SU-57 မ်ိဳးဆက္သစ္ တိုက္ေ လယာဥ္ကို ပထမဆုုံး ၀ယ္ယူတဲ့ ႏိုင္ငံက ျမန္မာျဖစ္လာႏိုင္

႐ုရွႏိုင္ငံဟာ ၎ရဲ႕ ေနာက္မ်ိဳးဆက္ SU-57 ေဝဟင္ပိုင္စိုး တိုက္ေလယာဥ္ေတြအတြက္ အဝယ္အမွာစာေတြ အမ်ားအျပား ရရွိေနပါတယ္။ ဒီ မ်ိဳးဆက္သစ္ေလယာဥ္ေတြကို ၂၀၂၅ မွာ အစီးေရ ရ၀ ျဖန႔္ၾကက္ႏိုင္ဖို႔ ႐ုရွႏိုင္ငံဟာ ၂၀၁၉ ဇူလိုင္လကစၿပီး အမ်ားအျပား ထုတ္လုပ္ေနတာပါ။ ဒီအတြက္ ႀကီးမားတဲ့ ထုတ္လုပ္မႈစရိတ္ကို ကာမိေအာင္ ျပည္ပကို ေရာင္းခ်ၿပီး စရိတ္ကာမိေအာင္ ေဖာ္ေဆာင္ဖို႔ ႐ုရွႏိုင္ငံက ႀကိဳးစားလာပါတယ္။

SU-57 တိုက္ေလယာဥ္ေတြဟာ ေလေၾကာင္းထိုးစစ္အျပင္ သင့္ေတာ္တဲ့ ဒုံးတပ္ဆင္ၿပီး ေရျပင္ထိုးစစ္ပါ ဆင္ႏႊဲႏိုင္တဲ့ စြမ္းရည္ျမင့္ ဂ်က္ေလယာဥ္ေတြ ျဖစ္ပါတယ္။ အိႏၵိယနဲ႔ ဗီယက္နမ္တို႔နဲပ ဒီ ေလယာဥ္ေတြ ၀ယ္ယူေရး ေဆြးေႏြးေျပာဆိုမႈေတြ လုပ္ေဆာင္ေနစဥ္မွာပဲ မေမွ်ာ္လင့္တဲ့ ေဖာက္သည္ျဖစ္ႏိုင္တဲ့ ႏိုင္ငံကေတာ့ အေရွ႕ေတာင္အာရွ ျမန္မာႏိုင္ငံပဲ ျဖစ္တယ္လို႔ Military Watch Magazine က ေဖာ္ျပထားပါတယ္။

႐ုရွဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးကိုကိုရွိန္က ဒီ ေလယာဥ္ေတြနဲ႔ ပတ္သက္ညပီး စိတ္ဝင္စားေၾကာင္း ျပသထားပါတယ္။လက္ရွိျမန္မာေလတပ္ရဲ႕ အင္အားမွာ ႐ုရွထုတ္ သက္တမ္းအို MiG-29 medium weight multirole fighter မ်ိဳးကြဲအုပ္စုေတြကို တ႐ုတ္ရဲ႕ တတိယမ်ိဳးဆက္ သက္တမ္းအို J-7 ဂ်က္ေလယာဥ္ေတြနဲ႔ စတုတၳမ်ိဳးဆက္ JF-17 အနည္းငယ္နဲ႔ အင္အားဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ျမန္မာေလတပ္ရဲ႕ ေခတ္မီေလတပ္ဖြဲ႕စည္းေရး အစီအစဥ္အရ ၂၀၁၈ မွာ Su-30M Flankers ေျခာက္စီး မွာယူခဲ့သလို ေနာက္ပိုင္း ၀ယ္ယူမႈေတြအတြက္လည္း စီစဥ္ေဆာင္႐ြက္လ်က္ ရွိတယ္လို႔ ဆိုပါတယ္။ SU-30 ေတြဟာ စတုတၳမ်ိဳးဆက္ စြမ္းေဆာင္ရည္ ရွိေပမယ့္လည္း အိမ္နီးခ်င္းအင္အားက ေခတ္မီတပ္ေတြ ရွိထားတာေၾကာင့္ ေလေၾကာင္းအင္အားၿပိဳင္ရာမွာ ျပည့္စုံအင္အားေတာ့ မျဖစ္ေလာက္ပါ။ ေဝဟင္စီးခ်င္းမွာ ကမာၻ႔အေကာင္းဆုံး စြမ္းေဆာင္ရည္ ရွိတယ္လို႔ ေတာ္ေတာ္မ်ားမ်ား စဥ္းစားသုံးသပ္ထားတဲ့ SU-57 တိုက္ေလယာဥ္ေတြကေတာ့ အနည္းငယ္ေသာ အုပ္စုကို ပိုင္ဆိုင္တယ္ဆိုလည္း ႏိုင္ငံရဲ႕ ကာကြယ္ေရးမွာ ေတာ္႐ုံနဲ႔ ၿဖဳံသြားေအာင္ အင္အားရွိေစမယ့္ မ်ိဳးဆက္သစ္တိုက္ေလယာဥ္ပဲ ျဖစ္ပါတယ္။ေလးစားစြာျဖင့္ ခရက္ဒစ္ မူရင္း

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရုရှနိုင်ငံဟာ ၎င်းရဲ့ နောက်မျိုးဆက် SU-57 ဝေဟင်ပိုင်စိုး တိုက်လေယာဉ်တွေအတွက် အဝယ်အမှာစာတွေ အများအပြား ရရှိနေပါတယ်။ ဒီ မျိုးဆက်သစ်လေယာဉ်တွေကို ၂၀၂၅ မှာ အစီးရေ ရဝ ဖြန့်ကြက်နိုင်ဖို့ ရုရှနိုင်ငံဟာ ၂၀၁၉ ဇူလိုင်လကစပြီး အများအပြား ထုတ်လုပ်နေတာပါ။ ဒီအတွက် ကြီးမားတဲ့ ထုတ်လုပ်မှုစရိတ်ကို ကာမိအောင် ပြည်ပကို ရောင်းချပြီး စရိတ်ကာမိအောင် ဖော်ဆောင်ဖို့ ရုရှနိုင်ငံက ကြိုးစားလာပါတယ်။

SU-57 တိုက်လေယာဉ်တွေဟာ လေကြောင်းထိုးစစ်အပြင် သင့်တော်တဲ့ ဒုံးတပ်ဆင်ပြီး ရေပြင်ထိုးစစ်ပါ ဆင်နွှဲနိုင်တဲ့ စွမ်းရည်မြင့် ဂျက်လေယာဉ်တွေ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဗီယက်နမ်တို့နဲပ ဒီ လေယာဉ်တွေ ဝယ်ယူရေး ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်နေစဉ်မှာပဲ မမျှော်လင့်တဲ့ ဖောက်သည်ဖြစ်နိုင်တဲ့ နိုင်ငံကတော့ အရှေ့တောင်အာရှ မြန်မာနိုင်ငံပဲ ဖြစ်တယ်လို့ Military Watch Magazine က ဖော်ပြထားပါတယ်။

ရုရှဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်က ဒီ လေယာဉ်တွေနဲ့ ပတ်သက်ညပီး စိတ်ဝင်စားကြောင်း ပြသထားပါတယ်။လက်ရှိမြန်မာလေတပ်ရဲ့ အင်အားမှာ ရုရှထုတ် သက်တမ်းအို MiG-29 medium weight multirole fighter မျိုးကွဲအုပ်စုတွေကို တရုတ်ရဲ့ တတိယမျိုးဆက် သက်တမ်းအို J-7 ဂျက်လေယာဉ်တွေနဲ့ စတုတ္ထမျိုးဆက် JF-17 အနည်းငယ်နဲ့ အင်အားဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာလေတပ်ရဲ့ ခေတ်မီလေတပ်ဖွဲ့စည်းရေး အစီအစဉ်အရ ၂၀၁၈ မှာ Su-30M Flankers ခြောက်စီး မှာယူခဲ့သလို နောက်ပိုင်း ဝယ်ယူမှုတွေအတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။ SU-30 တွေဟာ စတုတ္ထမျိုးဆက် စွမ်းဆောင်ရည် ရှိပေမယ့်လည်း အိမ်နီးချင်းအင်အားက ခေတ်မီတပ်တွေ ရှိထားတာကြောင့် လေကြောင်းအင်အားပြိုင်ရာမှာ ပြည့်စုံအင်အားတော့ မဖြစ်လောက်ပါ။ ဝေဟင်စီးချင်းမှာ ကမ္ဘာ့အကောင်းဆုံး စွမ်းဆောင်ရည် ရှိတယ်လို့ တော်တော်များများ စဉ်းစားသုံးသပ်ထားတဲ့ SU-57 တိုက်လေယာဉ်တွေကတော့ အနည်းငယ်သော အုပ်စုကို ပိုင်ဆိုင်တယ်ဆိုလည်း နိုင်ငံရဲ့ ကာကွယ်ရေးမှာ တော်ရုံနဲ့ ဖြုံသွားအောင် အင်အားရှိစေမယ့် မျိုးဆက်သစ်တိုက်လေယာဉ်ပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*