သိန္း(၇၀)ကေ န သိန္း(၁၀၀)အတြင္းေပးမယ္ဆိုၿပီး ေပ်ာ္ေတာ္ဆက္ဖို႔လာငွားတဲ့သူကို ျပတ္ျပတ္သားသား ျငင္းဆိုလိုက္တဲ့ ျမညိဳေလး

ျမညိဳလို႔ ပရိသတ္ေတြ ခ်စ္စနိုးနဲ႔ ေခၚေဝၚၾကတဲ့ ျမတ္သူသူဇင္ကေတာ့ တစ္ဟုန္ထိုးေအာင္ျမင္လာတဲ့ ဇာတ္လမ္းတြဲ မင္းသမီးေလး တစ္ဦးပါေနာ္။” ပ်ားရည္အိုင္ ” ဇာတ္လမ္းတြဲမွာ ” ျမညိဳ ” ဆိုတဲ့ ဇာတ္ေကာင္ေလးနဲ႔ ပရိသတ္ေတြသတိထားမိလာဆိုေပမယ့္ ျမညိဳ လို႔ ပရိသတ္ေတြမသိခင္ကတည္းက “ကံကံ၏အက်ိဳး” ဇာတ္လမ္းတြဲ ၊ခ်စ္ခြန္းေႁခြသီခ်စ္သူဆီ၊ ရတနာထဲကရတနာ ၊တို႔အျပင္ ဝကၤပါစံအိမ္ဇာတ္လမ္းတြဲေတြပါ တို႔မွာပါဝင္ခဲ့တဲ့သူေလးပါတစ္ေယာက္ပါ။

လက္ရွိမွာလည္း MRTV- (4 ) မွာ ျပသလ်က္ရွိတဲ့ တတိယေျမာက္ဆုံမွတ္ ဇာတ္လမ္းတြဲမွာ ” ယြန္းေမခ” အျဖစ္ ပါဝင္ထားၿပီး မၾကာေသးမီကလည္း ေငြေဆာင္ကမ္းေၿခ သို႔ သြားေရာက္ကာအႏုပညာအလုပ္ေတြ လုပ္ေဆာင္ခဲ့ပါေသးတယ္။ျမညိဳေလးကေတာ့ စီးပြားေရး သမားေတြ ပဲ တက္ေရာက္မယ့္ ပြဲတစ္ပြဲကို တက္ေရာက္ကာ အတူတူကေပးၿပီး အတူတူအရက္ေသာက္ေပးဖို႔ လာငွားတဲ့သူကို ျပတ္ျပတ္သားသားတုံ႔ျပန္ခဲ့ပါတယ္။ငွားခအေနနဲ႔ သိန္း(၇၀) ကေန သိန္း(၁၀၀) အတြင္းေပးမယ္လို႔ဆိုကာ လာငွားခဲ့သူကို သူမဟာေပ်ာ္ေတာ္ဆက္တဲ့သူမဟုတ္တဲ့အျပင္ အဲ့လိုအလုပ္ေတြလည္း လက္မခံေၾကာင္း ျငင္းခဲ့တာပဲ ျဖစ္ပါတယ္။

 

” ဟယ္ အမတို႔အလုပ္ကလည္းေနာ္။ ( ၇၀၊၁၀၀ ) ၾကားရတယ္ဆိုၿပီး အေပ်ာ္ကစားေနသလိုႀကီးေနာ္။ ကၽြန္မက မေသာက္တတ္ဘူး မကတတ္ဘူး။ ၿပီးေတာ့ အဲ့အလုပ္ႀကီးလည္းမလုပ္တတ္ဘူး။အားနာလိုက္တာ အယ္မရယ္ ငတုံးမ MTTZ အစကတကယ္နားမလည္ဘူးရယ္ ” ဆိုကာ လာေျပာခဲ့တဲ့ မက္စင္ဂ်ာကစာေတြကို သူ႔ရဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဝမၽွေဖာ္ျပခဲ့တာပါ။ ပရိသတ္ႀကီးေရ ျမညိဳေလးရဲ့ ျပတ္သားတဲ့စိတ္ဓာတ္ကေတာ့ ခ်ီးက်ဴးစရာပါပဲေနာ္။ေလးစားစြာျဖင့္ခရက္ဒစ္ celegabar

 

ယူနီကုဒ္ျဖင့္ဖတ္ရန္ မြညိုလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ မြတ်သူသူဇင်ကတော့ တစ်ဟုန်ထိုးအောင်မြင်လာတဲ့ ဇာတ်လမ်းတွဲ မင်းသမီးလေး တစ်ဦးပါနော်။” ပျားရည်အိုင် ” ဇာတ်လမ်းတွဲမှာ ” မြညို ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေသတိထားမိလာဆိုပေမယ့် မြညို လို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါတစ်ယောက်ပါ။

 

လက်ရှိမှာလည်း MRTV- (4 ) မှာ ပြသလျက်ရှိတဲ့ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ် ပါဝင်ထားပြီး မကြာသေးမီကလည်း ငွေဆောင်ကမ်းခြေ သို့ သွားရောက်ကာအနုပညာအလုပ်တွေ လုပ်ဆောင်ခဲ့ပါသေးတယ်။မြညိုလေးကတော့ စီးပွားရေး သမားတွေ ပဲ တက်ရောက်မယ့် ပွဲတစ်ပွဲကို တက်ရောက်ကာ အတူတူကပေးပြီး အတူတူအရက်သောက်ပေးဖို့ လာငှားတဲ့သူကို ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့ပါတယ်။ငှားခအနေနဲ့ သိန်း(၇၀) ကနေ သိန်း(၁၀၀) အတွင်းပေးမယ်လို့ဆိုကာ လာငှားခဲ့သူကို သူမဟာပျော်တော်ဆက်တဲ့သူမဟုတ်တဲ့အပြင် အဲ့လိုအလုပ်တွေလည်း လက်မခံကြောင်း ငြင်းခဲ့တာပဲ ဖြစ်ပါတယ်။

 

” ဟယ် အမတို့အလုပ်ကလည်းနော်။ ( ၇၀၊၁၀၀ ) ကြားရတယ်ဆိုပြီး အပျော်ကစားနေသလိုကြီးနော်။ ကျွန်မက မသောက်တတ်ဘူး မကတတ်ဘူး။ ပြီးတော့ အဲ့အလုပ်ကြီးလည်းမလုပ်တတ်ဘူး။အားနာလိုက်တာ အယ်မရယ် ငတုံးမ MTTZ အစကတကယ်နားမလည်ဘူးရယ် ” ဆိုကာ လာပြောခဲ့တဲ့ မက်စင်ဂျာကစာတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှဖော်ပြခဲ့တာပါ။ ပရိသတ်ကြီးရေ မြညိုလေးရဲ့ ပြတ်သားတဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပါပဲနော်။လေးစားစွာဖြင့်ခရက်ဒစ် celegabar

Be the first to comment

Leave a Reply

Your email address will not be published.


*