ဝါကၽြတ္မွာ ခ်စ္သူနဲ႔ ေ ရႊလက္တြဲေတာ့မယ့္ ခ်စ္စနိုးဦး

ခ်စ္စနိုးဦးကေတာ့ ေအာက္တိုဘာလထဲမွာ ခ်စ္သူတဲ့ ထိမ္းျမားလက္ထပ္ေတာ့မွာ ျဖစ္ပါတယ္။မဂၤလာပြဲအတြက္ ႀကိဳတင္ျပင္ဆင္ရင္းနဲ႔ ေပ်ာ္လို႔ေနပါၿပီ။သ႐ုပ္ေဆာင္ ခ်စ္စနိုးဦးကေတာ့ ဝါထြက္မွာ ခ်စ္သူနဲ႔ ေရႊလက္တြဲေတာ့မွာ ျဖစ္ပါတယ္။ မဂၤလာဦးဆြမ္းေကၽြးကို ေအာက္တိုဘာ (၂၀) ရက္ေန႔မွာ ျပဳလုပ္မွာ ျဖစ္ၿပီး စုလ်ားရစ္ပတ္ထိမ္းျမားမဂၤလာကိုေတာ့ ေအာက္တိုဘာ (၂၆) ရက္ေန႔မွာ ျပဳလုပ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

မဂၤလာညစာစားပြဲကိုေတာ့ နိုဝင္ဘာ(၂) ရက္ေန႔မွာ က်င္းပသြားမွာပါ။ပြဲအတြက္ ျပင္ဆင္ေနရင္း ေပ်ာ္လည္းေပ်ာ္ေနၿပီလို႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။‘’သူမ်ားေတြကေတာ့ေျပာတယ္၊ ေယာက်္ားမယူနဲ႔တဲ့ ဒါေပမယ့္ သူမ်ားေတြေတာင္ ယူတာပဲေနာ္ ကိုယ္လည္း ယူၾကည့္ခ်င္တာေပါ့။ အခုေလာေလာဆယ္ေက တာ့ အရမ္းေပ်ာ္ေနပါတယ္။ အရင္တုန္းကေတာ့ မဂၤလာဝတ္စုံေတြ ဝတ္ရတာ အလုပ္အတြက္ေပါ့။

ဒါေပမယ့္ ကိုယ့္ပြဲအတြက္ ကိုယ္ျပင္ဆင္ရင္း စိတ္လည္းပင္ပန္းရတယ္။ ေပ်ာ္လည္း ေပ်ာ္ပါတယ္’’ လို႔ သူကဆိုပါတယ္။ခ်စ္စနိုးဦးဟာ အိမ္ေထာင္ရွင္မ တစ္ေယာက္ျဖစ္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြအေၾကာင္း ေျပာျပလာပါတယ္။ မိန္းကေလးျဖစ္တာေၾကာင့္လည္း အိမ္မႈကိစၥေတြနိုင္နင္းဖို႔အတြက္ အေမနဲ႔ အဖြားက သင္ေပးထားတယ္လို႔ဆိုပါတယ္။‘’ငယ္ငယ္တုန္းကတည္းက အစ္မ အေမ၊ အဖြားတို႔ဆိုရင္လည္း အိမ္တစ္အိ မ္မွာ မိန္းကေလး တစ္ေယာက္အေနနဲ႔ တက္သင့္တက္ထိုက္တာကို သင္ရမယ္ဆိုၿပီးေတာ့ သင္ေပးထားတယ္။

ကိုယ္မလုပ္ခဲ့ရရင္ေတာင္ သူမ်ားကို ခိုင္းတဲ့အခါက်ရင္ ကိုယ္ကမတက္ရင္ လူလည္က်သြားမယ္ေပါ့။ အျမဲသိထားရမယ္ဆိုၿပီးေတာ့ ငယ္ငယ္ေလး ကတည္းက သင္ခဲ့တာ အခုဆို အိမ္အလုပ္လည္း အစ္မလုပ္တယ္။ စီးပြားေရးဆိုလည္း အစ္မအႏုပညာေလးနဲ႔ အစ္မ ရပ္တည္တယ္။ အစ္မအတြက္ကေတာ့ အိမ္ေထာင္ျပဳဖို႔အတြက္ ေထြေထြထူးထူး ျပင္ဆင္ရတာမ်ိဳး မရွိပါဘူး’’ လို႔ သူကဆိုပါတယ္။ခ်စ္စနိုးဦးကိုေတာ့ ပရိသတ္ေတြက သ႐ုပ္ေဆာင္တစ္ေယာ က္အျဖစ္ စတင္သိရွိခဲ့တာပါ။ တစ္ကိုယ္ေတာ္အေခြေတြလည္း ထြက္ရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။ သူတို႔ ႏွစ္ေယာက္ရဲ့ ခ်စ္သူ သက္တမ္းကေတာ့ ၆ ႏွစ္ေက်ာ္ပါၿပီတဲ့။ေလးစားစြာျဖင့္ခရက္ဒစ္ duwun

ယူနီကုဒ္ျဖင့္ဖတ္ရန္ ချစ်စနိုးဦးကတော့ အောက်တိုဘာလထဲမှာ ချစ်သူတဲ့ ထိမ်းမြားလက်ထပ်တော့မှာ ဖြစ်ပါတယ်။မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ရင်းနဲ့ ပျော်လို့နေပါပြီ။သရုပ်ဆောင် ချစ်စနိုးဦးကတော့ ဝါထွက်မှာ ချစ်သူနဲ့ ရွှေလက်တွဲတော့မှာ ဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးကို အောက်တိုဘာ (၂၀) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကိုတော့ အောက်တိုဘာ (၂၆) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂) ရက်နေ့မှာ ကျင်းပသွားမှာပါ။ပွဲအတွက် ပြင်ဆင်နေရင်း ပျော်လည်းပျော်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။‘’သူများတွေကတော့ပြောတယ်၊ ယောကျ်ားမယူနဲ့တဲ့ ဒါပေမယ့် သူများတွေတောင် ယူတာပဲနော် ကိုယ်လည်း ယူကြည့်ချင်တာပေါ့။ အခုလောလောဆယ်ကေ တာ့ အရမ်းပျော်နေပါတယ်။ အရင်တုန်းကတော့ မင်္ဂလာဝတ်စုံတွေ ဝတ်ရတာ အလုပ်အတွက်ပေါ့။

ဒါပေမယ့် ကိုယ့်ပွဲအတွက် ကိုယ်ပြင်ဆင်ရင်း စိတ်လည်းပင်ပန်းရတယ်။ ပျော်လည်း ပျော်ပါတယ်’’ လို့ သူကဆိုပါတယ်။ချစ်စနိုးဦးဟာ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေအကြောင်း ပြောပြလာပါတယ်။ မိန်းကလေးဖြစ်တာကြောင့်လည်း အိမ်မှုကိစ္စတွေနိုင်နင်းဖို့အတွက် အမေနဲ့ အဖွားက သင်ပေးထားတယ်လို့ဆိုပါတယ်။‘’ငယ်ငယ်တုန်းကတည်းက အစ်မ အမေ၊ အဖွားတို့ဆိုရင်လည်း အိမ်တစ်အိ မ်မှာ မိန်းကလေး တစ်ယောက်အနေနဲ့ တက်သင့်တက်ထိုက်တာကို သင်ရမယ်ဆိုပြီးတော့ သင်ပေးထားတယ်။

ကိုယ်မလုပ်ခဲ့ရရင်တောင် သူများကို ခိုင်းတဲ့အခါကျရင် ကိုယ်ကမတက်ရင် လူလည်ကျသွားမယ်ပေါ့။ အမြဲသိထားရမယ်ဆိုပြီးတော့ ငယ်ငယ်လေး ကတည်းက သင်ခဲ့တာ အခုဆို အိမ်အလုပ်လည်း အစ်မလုပ်တယ်။ စီးပွားရေးဆိုလည်း အစ်မအနုပညာလေးနဲ့ အစ်မ ရပ်တည်တယ်။ အစ်မအတွက်ကတော့ အိမ်ထောင်ပြုဖို့အတွက် ထွေထွေထူးထူး ပြင်ဆင်ရတာမျိုး မရှိပါဘူး’’ လို့ သူကဆိုပါတယ်။ချစ်စနိုးဦးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယော က်အဖြစ် စတင်သိရှိခဲ့တာပါ။ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ချစ်သူ သက်တမ်းကတော့ ၆ နှစ်ကျော်ပါပြီတဲ့။လေးစားစွာဖြင့်ခရက်ဒစ် duwun

Be the first to comment

Leave a Reply

Your email address will not be published.


*